Thursday, October 7, 2010




မင်္ဂလာစုစာအုပ်လေး

အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ်
လက်ဆောင်ပေး လိုက်ပါတယ်။ အဲဒီ စာအုပ်က ငွေကြေးစုဖို့ မဟုတ်ပါဘူး။
ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။
ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြင့် ငွေစုစာအုပ် တစ်အုပ်ကို
အမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို
ဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝ ပဲ ရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့
မျက်လုံးနဲ့ အမေကို ကျွန်မကြည့်မိတော့ အမေက ပြုံးရင်း "သမီး... ဒါ
သမီးအတွက် အမေအထူးလုပ်ထားတဲ့ "မင်္ဂလာစု" စာအုပ်လေးပါ။ နောင်နောက်
အမှတ်တရဖြစ်စေတဲ့ နေ့မျိုးမှာ ဒီစာအုပ်ထဲ ငွေအနည်းအများမဆို စုနိုင်တယ်။
ဒါမှ နောက်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ ငွေတွေအပြင်
ပျော်ရွှင်ခြင်းတွေပါ ရှိနေလိမ့်မယ်"

အမေပြောတဲ့ စကားကို ကျွန်မ အမှတ်တမဲ့ပဲ ထားလိုက်မိတယ်။ ကျွန်မ အမျိုးသားက
အဲဒီစကားကို ခေါင်းတညိတ်ညိတ်နဲ့ မှတ်သားနေခဲ့တယ်။

မင်္ဂလာဆောင်ပြီးနောက် အမျိုးသားက စာအုပ်ထဲ ကျပ် ၅ဝဝ နှစ်ကြိမ် စုလိုက်တယ်။
တစ်ကြိမ်က သူရာထူး တိုးတဲ့အတွက်ဖြစ်ပြီး နောက်တစ်ကြိမ်က ကျွန်မ
ခွဲစိတ်ခန်းက ထွက်တဲ့နေ့ဖြစ်တယ်။ အဲဒီတုန်းက အမျိုးသားရဲ့ အပြုအမှုကို
ကျွန်မရီခဲ့မိတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ ကျွန်မ
ကျန်းမာလာတဲ့နေ့ကို သူ့ရဲ့ပျော်ရွှင်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့လို့ပါပဲ။

သိပ်မကြာဘူး... ကျွန်မ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအတွက် ကျွန်မ ငွေ ၂ဝဝဝကျပ်
စုလိုက်တယ်။ အဲဒီနောက် မွေးဖွားလာတဲ့ ရင်သွေးငယ်လေး သယ်ဆောင်လာခဲ့တဲ့
ပျော်ရွှင်မှုက ကျွန်မတို့အတွက် တိုတောင်းခဲ့တယ်။ ကျွန်မတို့ကြားထဲ
အငြင်းအခုန်နဲ့ အေးစက်မှုက မြန်မြန်ဆန်ဆန် ရောက်လာခဲ့တယ်။ လျှော်လို့
မကုန်နိုင်တဲ့ အနှီးတွေ၊ တိုက်လို့မကုန်နိုင်တဲ့ နို့တွေက
ကျွန်မတို့ရဲ့ခံစားမှုကို ဆိုးသထက် ဆိုးဝါးလာစေခဲ့တယ်။ အမေ
လက်ဆောင်ပေးခဲ့တဲ့ "မင်္ဂလာစု" စာအုပ်က အံဆွဲတစ်နေရာမှာ ကျွန်မတို့ရဲ့
မေ့လျှော့ခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထဲက ပျော်ရွှင်ခြင်း ကိန်းဂဏန်းက
နဂိုနေရာမှာပဲ ရပ်တန့်နေခဲ့တယ်။

ကွာရှင်းဖို့အတွက် ကျွန်မတို့ ပြင်ဆင်ကြတော့ အမေက "အဲဒီစာအုပ်ထဲက ငွေကို
သမီးတို့ အရင်ဖြုန်းပြီးမှ ကွာရှင်းကြပါ။ စာအုပ်ထဲက ငွေက သိပ်မများပေမယ့်
အဲဒီငွေက သမီးတို့နှစ်ယောက်လုံး ပိုင်တဲ့ငွေဖြစ်တယ်" လို့ပြောတယ်။

စာအုပ်ထဲက ငွေ ၁ဝဝဝကို ကျွန်မ ထုတ်ယူလိုက်တယ်။ လိုချင်တာ ကြာနေပြီဖြစ်တဲ့
အဝတ်အစားတွေကို ကိုင်ဆွဲရင်း ကုန်တိုက်ထဲကနေ ကျွန်မထွက်လာခဲ့တယ်။
ကုန်တိုက်တံခါးဝအရောက် အရောင်းစာရေးမဆီ ကျွန်မပြန်လှည့်လာပြီး
"ဆောရီးပဲ... ဒီပစ္စည်းတွေ ကျွန်မ မယူတော့ဘူး။ ပိုက်ဆံပြန်အမ်းပေးပါ" လို့
တောင်းဆိုလိုက်တယ်။

ခေါင်းထဲမှာလည်း ဒီငွေ ၁ဝဝဝ ဟာ ငါတို့ရဲ့ မင်္ဂလာတွေ၊ အမှတ်တရနေ့တွေ၊
အပျော်တွေ စုထားတဲ့ ငွေဖြစ်တယ်လို့ ချက်ချင်းတွေး လိုက်မိတယ်။

ကျွန်မ အမျိုးသားက အရှက်ကြီးသူ တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် တစ်ခါက
လမ်းမပေါ်မှာ "ငါနင့်ကိုချစ်တယ်" လို့ အော်ပြောခဲ့ဖူးတယ်။ အဲဒီအတွက်
ကျွန်မ ငွေတစ်ရာ စုခဲ့တယ်။

ကျွန်မရဲ့ မွေးနေ့ကို သူမှတ်မိတယ်။ ကျွန်မရဲ့ ဖိနပ်အတိုင်း၊ ကျွန်မရဲ့
လျှို့ဝှက်နံပါတ်နဲ့ ကျွန်မ ကြောက်တတ်တဲ့ အရာအားလုံးကို သူမှတ်မိနေတယ်။
အဲဒီအတွက် မွေးနေ့တုန်းက ကျွန်မ ၃ဝဝကျပ် စုခဲ့တယ်။

မိန်းမတွေနဲ့ သူကင်းရှင်းတယ်။ ရေလာမြောင်းပေးလုပ်တဲ့ သူ့လက်အောက်က
ဝန်ထမ်းတွေနဲ့ သူကင်းကင်းရှင်းရှင်း နေခဲ့တယ်။ အခွင့်အရေး မပေးခဲ့ဘူး။
အဲဒီအတွက် ကျွန်မ ၅ဝဝကျပ် စုခဲ့တယ်။

ဒီငွေ ၁ဝဝဝထဲမှာ အပျော်တွေ ဒီလောက် စုမိနေပါလား? ဒီလိုဆိုရင် စာအုပ်ထဲ
စုထားတဲ့ ငွေ နှစ်သောင်းကျော်ထဲမှာ .... ကျွန်မမျက်လုံးထဲ မျက်ရည်တွေ
ပြည့်လျှံလာခဲ့တယ်။

ညနေအိမ်ပြန်ရောက်တော့ စာအုပ်ကို သူ့လက်ထဲ အပ်လိုက်ပြီး " ဒီထဲက ငွေတွေ
အမြန်သုံးလိုက်၊ သုံးကုန်မှ ကွာရှင်းမယ်" လို့ ပြောလိုက်တယ်။

နောက်တစ်ရက်ညမှာ ကျွန်မလက်ထဲ စာအုပ်ကို သူပြန်အပ်ခဲ့တယ်။ ကျွန်မ
ဖွင့်ကြည့်တော့ ငွေတွေလျှော့မသွားတဲ့အပြင် ၁ဝဝဝကျပ် ထပ်တိုးလာခဲ့တယ်။

"ဒီထဲက ငွေ တစ်ကျပ်တစ်ပဲဟာ ငါတို့အတူ ကျော်ဖြတ်ခဲ့တဲ့လမ်းကို
မှတ်သားထားတယ်။ ငါနင့်ကို အဲလောက်တောင် ချစ်ခဲ့မှန်း
ကိုယ့်ကိုယ်ပြန်သတိထားမိလို့ ငွေ ၁ဝဝဝ ငါထပ် စုလိုက်တယ်" လို့ သူက
ပြောတယ်။

အမေပြောတဲ့ စကားတွေ မှန်ခဲ့ပါတယ်။ အချစ်ဆိုတာ လက်ထပ်ဖို့အတွက်
ဖွင့်ခဲ့တဲ့ အကောင့်နံပါတ်ဖြစ်တယ်။ လက်ထပ်ပြီးနောက် လင်မယားကြားမှာရှိတဲ့
အမှတ်တရ၊ ပျော်ရွှင်ခြင်းတွေ၊ ရိုမန်တစ်ဖြစ်ရပ် အားလုံးကို ဒီအကောင့်ထဲ
စုထည့်ဖို့ဖြစ်တယ်။ ဒီလို နေ့နေ့၊ လလ အပျော်တွေ စုတဲ့ အစုစာအုပ်လေးသာ
ရှိခဲ့ရင် ဘယ်လောက်ပဲ ဆင်းရဲတဲ့ လက်ထပ်ခြင်းမျိုး၊ ပင်ပန်းတဲ့
လက်ထပ်ခြင်းမျိုး ဖြစ်ခဲ့ပါစေ အခက်အခဲ အားလုံးကို
ကျော်ဖြတ်နိုင်ပါတယ်လေ....

ကဲသူငယ်ချင်းတို့ လည်း ဒီလိုဘ၀ကိုဖြတ်ကျော်နေဆဲပဲဖြစ်ဖြစ် ၊ ဖြတ်ကျော်မယ်ပဲဖြစ်ဖြစ် ၊ မဖြတ်ကျော်ရသေးဘူးပဲဖြစ်ဖြစ်
ဒီစာစုလေးဟာ တန်ဖိုးရှိတဲ့တွက် သိမ်းထားသင့်တယ်လို့အကြံပြုချင်ပါတယ်

Forward mail ကရတာလေးလက်ကမ်းဝေမျှလိုက်တာပါ ခုလာဖတ်တဲ့သူငယ်ချင်းတွေထဲကတစ်ယောက်ေ၇းတာဆိုလည်း ဒီကပဲတောင်းပန်လိုက်ပါတယ်

အနေအထိုင်မတတ်တဲ့အချစ်

အစိမ်းရောင်မြစ်တစ်စင်းလို

ငါကလည်း မင်းရင်ခွင်မှာ

ရစ်ခွေပြီးစီဆင်းချင်ခဲ့တယ်

အခုဖြစ်နေတာက

အသားသေနဲ့မြေရိုးတမံလို

ငါကမာကျောခက်ထန်နေသလား

နေပြောက်တွေမညှာမတာထိုးတယ်

ကောက်ရိုးတစ်ထုံးလိုတောင်

ဝုန်းခနဲ

ထတောက်လို့မရတဲ့ငါက..

မင်းအိပ်မက်ဆီမှာတော့

ကြယ်တံခွန်ဖြစ်ချင်မိသေးတယ်…

မင်းဘ၀လမ်းမကြီးတွေဘေးမှာ

လှမ်းငေးဖို့တောင်သတိမရနိုင်တဲ့

လမ်းသွယ်လေးလိုငါ ကျုံ့ရုံ့နေခဲ့

အဖြူထည်သက်သက်ကောင်လေးလေ

အနေအထိုင်မတတ်ပဲ ချစ်မိခဲ့တယ်။

နှင်းဆီပွင့်ဆိုတာအချစ်ပန်းတဲ့

နှင်းဆီပန်းဆိုတာ အချစ်ပန်းတဲ့
မသိရင်မှတ်ထားနော်။

နှင်းဆီ ၁ ပွင့် .............ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ ပွင့်...............ဒီကမာမှာ ကိုယ်တို့နှစ်ယောက်တည်း

နှင်းဆီ ၃ ပွင့်...............မင်းကို ငါချစ်တယ်

နှင်းဆီ ၄ ပွင့်...............သေတောင်မခွဲဘူး
နှင်းဆီ ၅ ပွင့်...............တန်ဖိုးထားမြတ်နိုးတယ်
နှင်းဆီ ၆ ပွင့်...............တစ်ယောက်ကို တစ်ယောယက် လေးစား ချစ်ခင် ခွင့်လွှတ်တယ်

နှင်းဆီ ၇ ပွင့်...............မင်းကို တိတ်တခိုးလေး ချစ်နေမယ်

နှင်းဆီ ၈ ပွင့်...............မင်းရဲ့ ကြင်နာမှုနဲ့ အားပေးမှု ကို ကျေးဇူးတင်တယ်

နှင်းဆီ ၉ ပွင့်...............အမြဲတမ်း
နှင်းဆီ ၁၀ ပွင့်............အပြစ်ကင်းစင်သော ချစ်သူ

နှင်းဆီ ၁၁ ပွင့်............မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်

နှင်းဆီ ၁၂ ပွင့်.............တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်

နှင်းဆီ ၁၃ ပွင့်.............သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ ပွင့်............ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ ပွင့် ...........I'M SORRY!

နှင်းဆီ ၁၆ ပွင့်............မတည်ငြိမ်သော အချစ်

နှင်းဆီ ၁၇ ပွင့်.............ပြန်မရနိုင်တော့တဲ့ အချစ်

နှင်းဆီ ၁၈ ပွင့်.............ရိုးသားပွင့်လင်းခြင်း

နှင်းဆီ ၁၉ ပွင့်............မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ ပွင့် ...........ငါ့မှာ ရိုးသားတဲ့ အချစ်တစ်ခုတည်း ရှိပါတယ်

နှင်းဆီ ၂၁ ပွင့်............ရိုးသားတဲ့ အချစ်

နှင်းဆီ ၂၂ ပွင့်.............မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ ပွင့်.............မင်း ပျော်ရွှင်ပါစေ

နှင်းဆီ ၃၀ ပွင့်............ဖူးစာကို ယုံတယ်

နှင်းဆီ ၃၆ ပွင့် ...........Romantic
နှင်းဆီ ၅၀ ပွင့်............မမျှော်လင့်ပဲ တွေ့ကြတယ်

နှင်းဆီ ၉၉ ပွင့်.............Forever!
နှင်းဆီ ၁၀၀ ပွင့်.............၁၀၀% အချစ်

နှင်းဆီ ၁၀၁ ပွင့်............အရမ်း....အရမ်း.....ချစ်
နှင်းဆီ ၁၀၈ ပွင့် ...........လက်ထပ်ခွင့်ပေးပါ
နှင်းဆီ ၁၁၁ ပွင့်............အဆုံးမဲ့အချစ်
နှင်းဆီ ၁၄၄ ပွင့်.............နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကို ချစ်တယ်

နှင်းဆီ ၃၆၅ ပွင့်............နေ့တိုင်းလွမ်းတယ်

နှင်းဆီ ၉၉၉ ပွင့် ...........မချုပ်ငြိမ်းတဲ့ အချစ်၊ အမြဲတမ်း ထာဝရ

နှင်းဆီ ၁၀၀၁ ပွင့်............သက်ဆုံးထိတိုင် အချစ်မိုးတွေ သည်းနိုင်ကြပါစေ



သင့်အတွက်သက်ဆိုင်တဲ့တစ်ကြောင်းတော့ရှိလိမ့်မယ်


၁။ မင်းငါ့ရင်ထဲကို ၀င်ကြည့်လို့ရမယ် ဆိုရင် မင်းငိုမယ် ဘာလို့လဲဆိုတော့

ငါရင်ထဲမှာ မင်းနဲ့ ပြည့်ကြပ်နေလို့။ ငါမင်းရင်ထဲကို ၀င်ကြည့်လို့ရမယ်
ဆိုရင် ငါငိုမယ် ဘာလို့လဲဆို မင်းရင်ထဲမှာ ငါမရှိလို့။

၂။ တရက် ငါတို့တွေ မထင်မှတ်ပဲ ဆုံကြရင် ငါ့ခြေလှမ်းတွေကို ရပ်လိုက်မယ်။ တဖြေးဖြေး
ဝေးသွားတဲ့ ကျောပြင်ကိုကြည့်ပြီး ငါကိုယ့်ကို ပြောမယ် “အဲဒီလူကို
ငါချစ်ခဲ့ဖူးတယ်” လို့။

၃။ ဘာလို့ ဒီလောက် အေးစက်ရတာလဲလို့ ငါခံစားနေရတယ်။ ငါနွေးထွေးဖူးတော့ ဒီအအေးဓါတ်ကို မခံနိုင်တာ။

၎။ မင်းငါ့ကို ခွဲခွါမယ်ဆိုရင်လဲ ငါမတားပါဘူး
မင်းမှာမင်းရဲ့အကြောင်းတွေရှိလို့နေမှာပေါ့။ မင်းငါကို
ချစ်နေသေးတယ်လို့ပြောရင် ငါမင်းကိုပြောမယ် ငါအခုထိစောင့်နေသေးတယ်။

၅။ မပြောရင် ပြောင်းလဲသွားမှာမဟုတ်လို့ ထာဝရမပြောရင် ထာဝရပြောင်းလဲမှာမဟုတ်ဘူး။

၆။ မင်းဒီလောကကိုရောက်လာတုန်းက ငိုတယ် မင်းငိုတာကိုကြည့်ပြီး
အားလုံးပြုံးကြတယ်။ မင်းဒီလောကကနေထွက်သွားတော့ မင်းပြုံးတယ်
အားလုံးငိုကြတယ်။

၇။ မင်းကို ငိုစေတဲ့ အကြောင်း တစ်သောင်းလောက်ရှိမယ်ဆိုရင် မင်းကို ရီစေတဲ့ အကြောင်း တစ်သောင်းနဲ့ တစ်ခု ရှိမယ်။

၈။ ကြံ့ခိုင်အောင်လုပ်တယ်ဆိုတာက ကိုယ့်ကို လိမ်နေတာမဟုတ်ပါဘူး။ လိမ်ခံရတာကို ခံနိုင်ရည်ရှိအောင်လုပ်တာပါ။

၉။ ဘာလို့ ငါ့အချစ်တွေကို ပေးနေတဲ့အချိန်မှာ ငါချစ်တာမှားသွားပြီး။ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့သူနဲ့ မတွေ့တာဘာကြောင့်လဲ။

၁၀။ လေတံခွန်လွတ်တာ ချစ်နေရတဲ့ခံစားချက်ပါပဲ။ ဘယ်လိုဝေးကွာနေပါစေ လွယ်လွယ်နဲ့
မပြောင်းလဲဘူး။ ဘာလို့လဲဆိုတော့ မင်းလက်ထဲက ကြိုးကိုမင်းကိုင်ထားလို့
မင်းတို့ရဲ့ သံယောဇဉ်ကြိုးလေးပါ။

၁၁။ လူတွေအကြားမှာ ငါကဘယ်သူလဲ။ ငါဘယ်ဘက်ကိုသွားလိုက် ညာဘက်ကိုသွားလိုက်နဲ့။ ငါမျက်စိတွေလည်နေတယ်။
မိုးရွာတယ်။ ကောင်းကင်ကြီးငိုနေပြီ လို့ ငါပြောတယ်။

၁၂။ Believe ဆိုတဲ့ စကားလုံးမှာတောင် lie လေးကပါနေတယ်။ lie နေရင်တောင် ငါယုံပါ့မယ်။

၁၃။ မင်းငါ့ကို ထွက်သွားတော့လို့ပြောတယ်။ ငါထွက်သွားခဲ့ပါတယ်။
ငါထွက်သွားပြီးတော့ မင်းက ငါ့ကို ပြန်လာဖို့ တောင်းပန်တယ်။ sorry ပါ
ငါထွက်သွားတာ အဝေးတနေရာကိုရောက်နေပြီ။

၁၄။ ချစ်တဲ့သူနဲ့ ရန်ဖြစ်ပြီး သူစိမ်းလူတယောက်ကို ငါရင်ဖွင့်နေရတယ်။

၁၅။ မင်းရဲ့ ဂရုစိုက်တာတွေကို ငါမျှော်ရင်း ငါကိုယ့်ကိုဂရုစိုက်တတ်လာပြီ။

၁၆။ မင်းထွက်သွားတဲ့ နေ့က ငါမျက်ရည်မကျဘူး ငါမျက်တောင်မခက်မိအောင်ငါကြိုးစားခဲ့တယ်။

၁၇။ အချစ်ဆိုတာ နာကျင်စေပါတယ်။ ရက်စက်တဲ့သူတွေကတော့ သူ့ချစ်သူကို နာကျင်စေတယ်။
သဘောထားပြည့်ပြီးမြတ်နိုးတဲ့သူတွေကတော့ သူတို့ကိုသူတို့ နာကျင်စေတယ်။

၁၈။ နှမျောဖို့ကောင်းတာကတော့ လက်မလွတ်ရမှာကို လွယ်လွယ်နဲ့ လက်လွတ်ပြီး ခေါင်းမမာသင့်တဲ့ နေရာမှာ ခေါင်းမာနေကြတယ်။

၁၉။ လူတစ်ယောက်ကိုလွမ်းတာ ရေအေးတစ်ခွက်သောက်ရသလိုပဲ ကြာရင် မျက်ရည်ဖြစ်သွားတယ်။

၂၀။ မသိလိုက်တဲ့အချိန်မှာ စတင်ခဲ့တယ်။ တားဆီးလို့မရတဲ့အချိန်မှာ ပြီးဆုံးသွားတယ်။

၂၁။ စောင့်မျှော်တယ်….မလွယ်ကူပါဘူး။ နာကျင်စေတယ်…..မသိလိုက်တဲ့အချိန်မှာတောင်နာကျင်စေခဲ့ပါတယ်။


ငါချစ်မိနေပြီထင်လား


“ငါချစ်မိနေပြီလို့ ဘယ်လိုသိနိုင်ပါ့မလဲ” ဒီမေးခွန်းကို
လူတိုင်းကိုယ့်ကိုယ်ကို မေးဖူးကြပါလိမ့်မယ်။ ဒါဟာ
အလွယ်တကူဖြေလို့ရတဲ့မေးခွန်းတော့မဟုတ်ပါဘူး။ လူတယောက်က
ထာဝရအချစ်လို့ထင်နေတဲ့အရာကို အခြားလူတဦးက တခဏ တာစွဲလမ်းမှုလို့
ထင်ကောင်းထင်နေနိုင်ပါတယ်။ တချို့လူတွေက မကြာခဏ ချစ်
လွယ်မုန်းလွယ်ဖြစ်တတ်ကြပေမယ့် တချို့ကတော့ ဘ၀တလျှောက်လုံးအချစ်စစ်
အချစ်မှန်နဲ့ မကြုံဖူးပဲလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
သင့်ရဲ့လက်ရှိဆက် ဆံရေးအခြေအနေဟာ အချစ်လား၊ တက်မက်စွဲလမ်းမှုဟာ၊
မိုက်မဲမှုသက်သက်ပဲ လားဆိုတာ မှန်းဆနိုင်ဖို့ ဒီဆကငဖကလေးက ကူညီပါလိမ့်မယ်။

မေးခွန်း၁။ ။သင့်ရည်ညွှန်းလိုတဲ့သူဟာ သင်ကိုယ်တိုင်သင့်ရဲ့အသိုင်းအ၀ိုင်းနဲ့
သင့်ရဲ့လုပ်ငန်းကိုင်ငန်းတွေမှာ ပိုပြီးနေထိုင်လုပ်ကိုင်လို့ကောင်းအောင်
ကူညီပေး နိုင်သလား။

ဟုတ်တယ်။ (၅ မှတ်)
မဟုတ်ဘူး။ (-၅ မှတ်)
တခါတရံ။ (၂ မှတ်)
မသေချာပါ။ (၀ မှတ်)

ဖတ်ကြည့်လိုက်ပါ ဗဟုတုတရပါတယ်


ဘယ်သူမဆို တချိန်မဟုတ်တချိန် “ဒီအရာ”ကို ထိတွေ့ခံစားဖူးကြမယ်၊ တ
ကယ်အစစ်အမှန်ဟုတ်၊ မဟုတ်လည်းအတိအကျတိုင်းတာသိရှိချင်ကြမယ်။ ဒါဆို ရင်
“ဒီအရာ”ဆိုတာ “အချစ်”ပေါ့။
“ငါတကယ်ချစ်နေမိပြီလား၊” “အချစ်ဆိုရင်လည်း ဘယ်လောက်ခိုင်မာမှု
ရှိနိုင်ပါ့မလဲ၊”စတဲ့မေးခွန်းမျိုးကိုဘယ်သူမဆိုမေးဖူးကြမှာပါ။
အောက်မှာဖေါ်ပြ ထားတဲ့ မေးခွန်းကလေးတွေကို
ရိုးရိုးသားသားနဲ့တောက်လျှောက်ဖြေဆိုသွားမယ် ဆိုရင် သင့်အတွက်
အကျိုးရှိတဲ့သဲလွန်စတွေကို ရလာပါလိမ့်မယ်။ သင့်ရဲ့အမှတ် ပေးပုံကို
သူ့ကိုပြသင့်တယ်ထင်ရင်ပြလို့ရပါတယ်။

0 comments:

Post a Comment

Sample Text

1. 2. 3.

စုပေါင်းဝိုက်ဆိုလ်လေးများ

ကြည်နှုးစရာပါ

အရောင်လေးများ

Change Font Color

Change Font Size

စာကားလေးများပါးခဲ့ပါရန်..

ရန်ကုန်အလည်အပတ်ခရီးစဉ်

ထိုင်းနိုင်ငံအလည်အပတ်ခရီးစဉ်

♥ လီဟောင်(ခ)ပိရို♥အိမ်လေးမှ လာရောက်ရောက်လည်ပတ်သွားတဲ့ သူငယ်ချင်းများအားလုံးသီချင်းနားစဉ်နိုင်ပါသည်။

နှုတ်ခွန်းဆက်သပါ၏...။

(.....ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြာင်းမူကား၊ ပညာဖွင့်သော သော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမ၀င်၊ ၀င်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟုမိန့်တော်မူ၏။.....ရှင်လုကာ 11း52......)

မြစ်ကြီးနားခရီးစဉ်

မန္တလေးရောက်ခရီးစဉ်

mone ကိုနိုပ်ပြီးကျွေးပါ

more ကိုနိုပ်ပြီးကျွေးနော် အစာပေါ်လာလိမ့်မယ်

မဆုံရတဲ့အလွမ်း

life

ကြယ်လေးများ

ဘဲကလေး

မေသူပုံအမှတ်တရလေးများ

ခရစ်မတ်နောက်ဆုံးည

ကျိုင်းတုံခရီးစဉ်

ချောင်းသာရောက်ခရီးစဉ်

Mi perfil

My Photo
အာခါတောင်ပေါ်သားလေးပါ
ထိုင်းနိုင်ငံ ဘုရင်မပန်းခြံ, လီဟောင်(ခ)ပိရို, Thailand
LMT မိသားစုအိမ်လေးကိုလာရောက်ကြည့်ရှုသွားတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်။
View my complete profile

ဆူးခင်းလမ်း

Myanmar Font ယူရန်

World Wide Upload - Free Upload Everything" လိုချင်ရင်ဒီပုံကိုနိုပ်ပါနော်....

အပေါ်သို့

ကြယ်လေးများ

# #

မြန်မာစံတော်ချိန်

နားခိုရာ

ImageFra.me

ခရစ်္စမတ်ညချမ်းလေး

ခရစ်္စမတ်ပြဇာတ်လေး

ရန်ကုန်ခရီးစဉ်

တာချီလိတ်ကပုံများ

ပုံဟောင်းလေးများနှင့်အတူ

http://piyoleehaung.blogspot.com လာရောက်လည်ပတ်သွားတဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်

Blogger news

ImageFra.me

နေပြည်တော်ခရီးစဉ်

kp3ရဲ့အသစ်လေးကိုသိချင်ရင်

Blogger templates

မြန်မာစံတော်ချိန်

ပြင်ဦးလွင်အလည်အပတ်ခရီးစဉ်

♥ လီဟောင်(ခ)ပိရို♥အိမ်လေးမှ သီချင်းများကိုနားစဉ်နိုင်ပါပြီ http://piyoleehaung.blogspot.com

လီဟောင်အိမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏.....

ရှေ့ဦးစွာ ဘုရားသခင်ရဲ့နာမတော်ကို ချီးမွမ်းပါတယ်.... ကျတော်အမည်ကတော့ လီဟောင်(ခ)ပိရို လို့ခေါ်ပါတယ်.. ကျတော်အကြောင်း အနည်းငယ်မျှဝေချင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေများဆီပေါ့..... ကျတော်က တိုင်းရင်းသားထဲကနေ အာခါလူမျိုးစုနွယ်လေးဖြစ်တဲ့ အာခါတောင်ပေါ်သားလေးပါ.......... ကျတော်မိသားစု အကြောင်းလေးကိုလည်း အနည်းငယ်ရှင်းပြပေးချင်ပါတယ်.... ကျတော်တို့မိသားစုအားလုံးပေါင်း 6 ယောက်ရှိပါတယ်...ကျတော်ကတော့အကြီးဆုံးသားဖြစ်ပါတယ်၊ .. မိသားစု နာမည်အနည်းငယ် မိတ်ဆက်ချင်ပါတယ်..အဖေကတော့ ဦးဘော်ဒို + ဒေါ်မီဘ ဖြစ်ပါတယ်...ကျနော်နာမည်ကတော့ လီဟောင်+ပိရို လို့ခေါ်ပါတယ်...ညီမတွေကတော့၊ မစုသက်လှိုင်၊ မအားညီဇယ်၊ မမေရီ၊ တို့ဖြစ်ပါတယ်... ကျတော့ဇာတိကတော့ မိုင်းပြင်းမြို့နယ်၊ တုံတာမြို့နယ်ခွဲ..ရပ်ကွပ်(၃) မှာဖြစ်ပါတယ်..ငယ်မည်မှာ..ပိရိုလို့ခေါ်ပါတယ်.. ကျောင်းမှာကတော့ လီဟောင် လို့ခေါ်ပါတယ်။ အဲဒါကြောင့် လီဟောင်+ပိရို လို့ခေါ်ရခြင်းဖြစ်ပါတယ်... ဘုရားသခင်ရဲ့အလိုအတိုင်းလမ်းလျှောက်ရင်းနဲ့ တာချီလိတ်အထိကို ကောင်းမွန်စွာဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်..ဘုရားသခင်မြင့်မြတ်တဲ့ ဘုရားသခင်ဖြစ်ပါတယ်.....ကျတော်တက်ခဲ့ဖူးတဲ့ကျောင်းတွေကတော့ တုံတာမြို့၊ မိုင်းပြင်းမြို့၊ တာလေမြို့၊ မိုင်းကိုးအုပ်စု ဟွေတာရွာ၊ ကျောက်တောင်၊ တာချီလိတ်မြို့ အ.ထ.က ဆန်ဆိုင်း၊ ကျောင်းတွေဖြစ်ပါတယ်..အခုတော့မိသားစုအားလုံးက.ထိုင်းနိုင်ငံဘက်ပြောင်းရွေ့ကုန်ကျပါပြီ.. ကယ်...သူငယ်ချင်းမိတ်ဆွေတို့ စိတ်ရှည်ပြီးဖတ်ပြီးအောင်ဖတ်ပေးတဲ့သူအရောက်ဆီတိုင်းကိုကျေးဇူးတင်ပါတယ်.... အားလုံးအပေါ်မှာလည်း ဘုရားရှင်ကောင်းကြီးမင်္ဂလာတက်ရောက်နိုင်ပါစေ........... ဒါကတော့ ကျွန်တော်လိပ်စာလေးပါ .. ဆက်သွယ်ရန်လိပ်စာ leehaung7@gmail.com http://piyoleehaung.blogspot.com့ http://leehaung.blogspot.com လေးပါ ။... ထိုင်းဖုန်း----0877268721 ခင်မင်ကြတဲ့သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါသည်။ သူငယ်ချင်းများအားလုံး ထာဝရပျော်ရွှင်နိုင်ပါစေ......။

welcome to leehaung home

အချိန်ကိုကြည့်သွားပါ

Clipart

leehaung photo
လီဟောင်+ပိရို ဓာတ်ပုံ ..အမှတ်တရလေးပါ.. အမြဲတမ်းသတိရနေမှာပါ ..
လာရောက်လည်ပတ်သွားတဲ့ ညီအစ်ကို ၊မောင်နှမ ၊သူငယ်ချင်း အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်..ပျော်ရွင်ပါစေ. Powered by Blogger.

လီဟောင်အိမ်လေး

လီဟောင်+ပိရို အိမ်လေး.

ဆိုက်ကိုညွှန်းချင်ရင်






Popular Posts

Popular Posts

Text Widget