လောကကြီးတဲ့ ဖတ်ကြည့်လိုက်ပါ
နေရောင်ခြည်...ဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး
နေရောင်ခြည်...ဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး
လေ.... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း
လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း
လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။
ဘာလုပ်နေသလ
သူငယ်ချင်းသံယောဇဉ်.... အခမဲ့ဖြစ်တယ်။ ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ
ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊
ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို
ငွေပေးချေစရာ မလိုခဲ့ပါဘူး။
ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊
ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို
ငွေပေးချေစရာ မလိုခဲ့ပါဘူး။
ဘုရားသခင်၊ လောကကြီးကို မတရားဘူးလို့ ကျိန်ဆဲမနေပါနဲ့... ဘုရားသခင်က
လူသားတိုင်းအပေါ် မျှတခဲ့ပါတယ်။ လူသားတိုင်းအပေါ် အဖိုးတန်ဆုံးအရာတွေကို
အခမဲ့ ညီတူညီမျှ ခွဲဝေပေးခဲ့တယ်။ အဲဒီအဖိုးတန်အရာတွေကို ကိုယ်ဘယ်လို
တန်ဖိုးရှိရှိ အသုံးချနိုင်မလဲဆိုတဲ့အပေါ်ပဲ မှုတည်ခဲ့ပါတယ်။
သန့်ရှင်းဖြူစင်တဲ့အချစ်ဆိုတာ ပိုးသားလေးလိုပါပဲ။ ဖြူစင်တယ် နူးညံ့တယ်
သာယာပျော်ရွှင်မှုကိုဖြစ်ပေါ်စေတတ်တယ်
ဆည်းလည်း သံစဉ် လေး လို ချိုရှ အေးမြတယ်။ ဖြူစင်တဲ့အချစ်မှာ
ဆိုးကျိုးတွေမရှိဘူး။ တန်ပြန်မှုတွေ လိုအပ်မနေဘူး။ မျှော်လင့်
ချက်ရောင်ခြည်တွေ ဖြာထွက်မနေဘူး။
အဆုံးစွန်ပေးဆပ်နိုင်စွမ်းကိုလည်းစွမ်းတယ်။ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊
လွမ်းဆွတ်ခြင်းတွေ ရှိမနေသလို ဆုံးရှုံးခြင်းတွေကလည်း ကင်းဝေးတယ်။
ဖြူဖြူစင်စင်နဲ့ ချစ်နေမယ့် အချစ်တွေဟာ ပေးဆပ်ခြင်းသက်သက်နဲ့
ကိုယ်ချစ်ရတဲ့သူ အတွက်ပျော်ရွှင်ခြင်းသာ အဓိကဖြစ်ပြီး တန်ပြန်တုန့်ပြန်မှုကို
မျှော်လင့် မထားတဲ့ အတွက် ပြန်လည်ရရှိခြင်းနဲ့မျှော်မှန်းတာတွေ မဖြစ်ရ
လေခြင်းဆိုတဲ့ ဆိုးကျိုးတွေဖြစ်မလာနိုင်ပါဘူး။
ချစ်တတ်ပါတယ်ဆိုတဲ့ ချစ်သူတွေမှာ အချစ်အမျိုးအစားတွေ
အများအပြားစီးဝင်နေပါသေးတယ်။ တစ်ချို့က အပျော်ချစ်၊
တစ်
ချို့က အတည်ချစ်နဲ့ တစ်ချို့က မျက်ကန်းချစ်ဆိုပြီး အဓိက
သုံးမျိုးကိုပဲတွေးကြည့်ချင်မိတယ်။(အချစ်မှာခွဲရင်ခွဲနိုင်သေ လာက် အဖွဲ့
ခွဲတွေရှိပါတယ်)
နံပါတ် ၁.....အပျော်ချစ်။.....။ အပျော်ချစ်တဲ့ ချစ်သူတွေကတော့
ချစ်တတ်ကြတဲ့ သူတွေဆိုပါတော့။
မိမိရဲ့သာယာမှုကြောင့်
ပဲဖြစ်ဖြစ်၊ ပျင်းရိဖွယ်အချိန်တွေမှာ ကုစားဖို့ပဲဖြစ်ဖြစ်၊
တစ်စုံတစ်ယောက်ရဲ့ယုယမှုကိုတပ်မက်မောလို့ပဲဖြစ်ဖြစ် ချစ်သူတစ်ယောက် အနားမှာ
ရောက်နေသူတွေပေါ့။ သူတို့တွေဟာ
ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်တွေလို့ပြောလို့ရပါတယ်။လူတစ်ယောက်ကိုချစ်လို့ရဖို့
ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုလို့ပြောရင် မှားမယ်မထင်မိဘူး။
သူငယ်ချင်းတစ်ယောက်အဖြစ်လက်ခံလိုက်ဖို့ လွယ်ကူလှပေ
မယ့် သူငယ်ချင်းထက်ကျော်လွန်တဲ့ ရင်းနှီးမှုအတိုင်းအတာမှာ ရှိကြမယ့်
အပျော်ချစ်သူဖြစ်ဖို့ဆိုတာ
ချစ်နိုင်တဲ့စိတ်နှလုံးရယ် သံယောဇဉ်လေးတွေလည်း ပါဦးမှကိုး။
အများအပြားစီးဝင်နေပါသေးတယ်။ တစ်ချို့က အပျော်ချစ်၊
တစ်
ချို့က အတည်ချစ်နဲ့ တစ်ချို့က မျက်ကန်းချစ်ဆိုပြီး အဓိက
သုံးမျိုးကိုပဲတွေးကြည့်ချင်မိတယ်။(အချစ်မှာခွဲရင်ခွဲနိုင်သေ လာက် အဖွဲ့
ခွဲတွေရှိပါတယ်)
နံပါတ် ၁.....အပျော်ချစ်။.....။ အပျော်ချစ်တဲ့ ချစ်သူတွေကတော့
ချစ်တတ်ကြတဲ့ သူတွေဆိုပါတော့။
မိမိရဲ့သာယာမှုကြောင့်
ပဲဖြစ်ဖြစ်၊ ပျင်းရိဖွယ်အချိန်တွေမှာ ကုစားဖို့ပဲဖြစ်ဖြစ်၊
တစ်စုံတစ်ယောက်ရဲ့ယုယမှုကိုတပ်မက်မောလို့ပဲဖြစ်ဖြစ် ချစ်သူတစ်ယောက် အနားမှာ
ရောက်နေသူတွေပေါ့။ သူတို့တွေဟာ
ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်တွေလို့ပြောလို့ရပါတယ်။လူတစ်ယောက်ကိုချစ်လို့ရဖို့
ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုလို့ပြောရင် မှားမယ်မထင်မိဘူး။
သူငယ်ချင်းတစ်ယောက်အဖြစ်လက်ခံလိုက်ဖို့ လွယ်ကူလှပေ
မယ့် သူငယ်ချင်းထက်ကျော်လွန်တဲ့ ရင်းနှီးမှုအတိုင်းအတာမှာ ရှိကြမယ့်
အပျော်ချစ်သူဖြစ်ဖို့ဆိုတာ
ချစ်နိုင်တဲ့စိတ်နှလုံးရယ် သံယောဇဉ်လေးတွေလည်း ပါဦးမှကိုး။
အသည်းနှလုံးမရှိတဲ့အချစ်နဲ့
မင်းလှည့်ကွက်တစ်ခုပြုလုပ်လို့
ငါ့အချစ်ကိုပြုစားခဲ့တယ်..
မတ္တာအစစ်မဟုတ်တဲ့စကားနဲ့
မင်းသစ္စာပစ်မှတ်ပြုလုပ်လို့
ငါ့နှလုံးသားကိုအပိုင်းသိမ်းခဲ့တယ်
ယုံလွယ်တတ်တဲ့ငါ့အားနည်းချက်က
မင်းအတွက်ကစားရုပ်ကလေးဖြစ်ခဲ့ရင်
ဒီမျှနဲ့ငါ့ဘဝကိုထားခဲ့ပါတော့...
ငါ့ရဲ့ခံစားမှုတစ်ခုက
မင်းရဲ့မာယာများအောက်မှာ
သိလျှက်နဲ့မိုက်ခဲ့တာ....
မင်းကိုအရမ်းချစ်လို့ပါချစ်သူ... :(
ထာဝရအတွက်
ငါ့လက်ကိုတွဲထားချစ်သ
မင်းလှည့်ကွက်တစ်ခုပြုလုပ်လို့
ငါ့အချစ်ကိုပြုစားခဲ့တယ်..
မတ္တာအစစ်မဟုတ်တဲ့စကားနဲ့
မင်းသစ္စာပစ်မှတ်ပြုလုပ်လို့
ငါ့နှလုံးသားကိုအပိုင်းသိမ်းခဲ့တယ်
ယုံလွယ်တတ်တဲ့ငါ့အားနည်းချက်က
မင်းအတွက်ကစားရုပ်ကလေးဖြစ်ခဲ့ရင်
ဒီမျှနဲ့ငါ့ဘဝကိုထားခဲ့ပါတော့...
ငါ့ရဲ့ခံစားမှုတစ်ခုက
မင်းရဲ့မာယာများအောက်မှာ
သိလျှက်နဲ့မိုက်ခဲ့တာ....
မင်းကိုအရမ်းချစ်လို့ပါချစ်သူ... :(
ထာဝရအတွက်
ငါ့လက်ကိုတွဲထားချစ်သ
လက်ခံပေးပါနော်.......
အမုန်းများနဲ့
မင်းနှလုံးသားက
စူးစိုက်ကြည့်လဲ
ငါကျေနပ်တယ်...
မချစ်တော့လို့
နောက်တစ်ယောင်တွဲလဲ
ရင်ထဲကျိပ်ခံ
ငါပြုံးနိုင်တယ်
ရင်ထဲချစ်ခွင့်
မင်းတစ်ယောက်ဖြစ်တော့
သက်ထက်ဆုံးထိ
ချစ်နေခွင့်ပေးပါ..........။
အွန်လိုင်းပေါ်ကအချစ် နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု
အွန်လိုင်းအချစ်က ပိုဆိုးတယ်နော် ။ မျက်လုံးမမြင်ရဘူး ကြားခံနည်းပါးတယ်။
နှလုံးသားနဲ့ဦးဏှောက်တိုက်ရိုက်ရောက်တာ ။ အသည်းနုတဲ့လူ
စိတ်ထားဖြူတဲ့လူတွေ မေတ္တာငတ်နေတဲ့သူတွေ ၊ ဖော်ကွာဝေးနေတဲ့သူတွေအတွက်တော့
သိပ်ကိုစိတ်မကောင်းစွာနဲ့ရင်နာရပါတယ် ကြေကွဲရပါတယ် ငိုကြွေးရပါတယ်
ခံစားချက်တခုအတွက်ပေါ့လေ .. ဘယ်လိုခံစားမှုဖြစ်စေ အွန်လိုင်းပေါ်ကနေတွေ့သိကျတော့မမြင်ရဘူး
မကြားရဘူးအတွေ့ အထိမပါပဲ ချစ်နေတဲ့ အချစ်ပဲ ...။
အွန်လိုင်းအချစ်
အတွေ့ အထိပါနေရင်တောင် ဒါကိုသာယာလို့ ဖြစ်ချင်ဖြစ်နိုင်သေးတယ်
ဘာအတွေ့ အထိမှမရှိပဲ စိတ်ထဲကနေ ချစ်နေတဲ့အချစ် အင်းသေချာတယ်
တစ်ဖက်ကညာတာလည်း
မသိ
လိမ်တာလည်းမသိသူနဲ့ကိုယ်နဲ့ချစ်နေတာသာသိတာနော်
ဖြူစင်မှု ညစ်နွမ်းမှု သူပြောသလောက်ပဲ ကိုယ်ကသိရတာလေနော်
အွန်လိုင်းပေါ်ကနေ ခင်မင်ရင်နှီးချစ်ခင်မိကျတော့
အချိန်ကုန် စိတ်ပင်ပမ်းနွမ်းနယ် စားချိန်မေ့ အိပ်ချိန်မေ့
ဘယ်အချိန်များလာမလည်း
သူဘာလုပ်နေလည်း သူအတွက်စဉ်းစားပြီး စောင့်မျှော်နေရတယ်
ဒီကြားထဲ လိုင်းမကောင်းတော့လည်း စိတ်ပင်ပန်းရသေးတယ်
ထမင်းမကျက်သေးတဲ့အချိန်မှာ ဘေးနားမှာရှိနေတဲ့ ကလေး ဗိုက်ဆာလို့
အော်ငိုနေသလိုပေါ့ ။
ကိုယ်ကတွေ့ချင်ပြောချင် ဆိုချင်လိုင်းကမကောင်း တော်တော်စိတ်ပင်ပန်းစွာနဲံ့ချစ်ရတဲ့အချစ်ပါ....
သူငယ်ချင်းလေးအပေါ်ဖြစ်ဖြစ်.ချစ်သူရည်းစားအပေါ်ဖြစ်ဖြစ် ကိုယ်ကရင်ထဲရှိတာဖွင့်ဟပြောချင်သူတို့ မအားတာလား ပုန်းနေတာလား
ဘလော့ထားလား စောင့်နေရင်း စိတ်မောစွာနဲ့ စစ်ကြည့်ရသေးတယ်လေနော်
ကိုယ်ဘက်ကသာ ခင်မင်တွယ်တာနေတာ ချစ်ခင်ရင်းနှီးနေတာ
တဖက်လူကကိုယ့်ကိုရင်းနှီးချင်လား ခင်မင်ချင်လား
စကားပြောချင်လား တကယ်ချစ်လားဆိုတာ မသိပဲပြောဆိုနေကျရတာလေ ။
အွန်လိုင်းပေါ်ကနေ ဖြူဖြူစင်စင် တကယ်ချစ်နေတဲ့လူတွေအတွက်
သိပ်ကိုစိတ်မကောင်းစွာနဲ့ဖြစ်ရတာပေါ့နော် သူတို့ရင်ထဲမှာအပြင်ကသူငယ်ချင်းထက်
ပိုခင်မင်မိကျတယ် ရင်းနှီးမိကျတယ်။
ချစ်သူချင်းဆိုလည်း ချစ်တော့ချစ်တယ် ။ သူမရှိဘူးဆိုသလိုပဲ
သူဂျီတော့လေးစိမ်းနေရင်ပျော် ၊ ၀ါနေရင်နွမ်း ၊ပျောက်နေရင်ပင်ပမ်း
စိတ်မောစွာနဲ့ မျှော်နေကြရတာ အပြင်မှာချစ်တဲ့အချစ်ထက် ပိုဆိုးပါတယ်
အွန်လိုင်းကအချစ် တစ်ကယ်ချစ်တဲ့ လူတွေသိပ်ကို ခံစားကြေကွဲရတာကြတော့အပြင်မှာချစ်တဲ့ အချစ်ထက်
သာပါတယ် ။
အတွေ့အထိ လွတ်ကင်းတယ်။
အမြင်အာရုံမပါဘူး စိတ်ခံစားမှု့ သက်သက်မို့ အွန်လိုင်းပေါ်ကအချစ်က တော်တော်ပြင်းထန်ပါတယ်
နှလုံးသားလေး တိုက်ရိုက်ဆက်သွယ်ထားပါတယ်။
ပြီးမှဦးဏှောက်ကို သတင်းပို့ပါတယ်။
နောက်မှတဆင့်တက် အသံလေးနားထောင် ဗီဇက်အိုလေးကြည့်
ရင်ထဲ တော်တော်ငြိပါတယ် ။
ဒါကြောင့်အွန်လိုင်းပေါ်မှာ လှည့်စားတာလိမ်ညာတာ
ကောက်ကျစ်တာ ဟန်ဆောင်တာ ၊ ပြောတာမယုံကြည်တာ
ပြောဆိုတာမှန်သမျှ ယုံကြည်နေကြတယ် တစ်ဖက်ကဟာသလုပ်နေတာ
တကယ်စနောက်နေတာ တစ်ဖက်ကပျင်းလို့ အပျင်းပြေရည်းစားစကား လိုက်ပြောနေကြတာ
တကယ်အသည်းနုတဲ့သူ တွေ စိတ်ထားဖြူစင်တဲ့သူတွေ အွန်လိုင်းအချစ်မှာ
ကြေကွဲရင်နင့်ရပါတယ် ငိုကျွေးမောပမ်းရပါတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ တကယ်ချစ်မိတဲ့သူ
တကယ်ခင်မင် တွယ်တာတဲ့သူ သူငယ်ချင်းမေတ္တာ ၊
ချစ်ခြင်းမေတ္တာ ငတ်နေသူ ဝေးတနေရာက ဝေးကွာနေသူတွေ ၊ ဖော်ကွာဝေးနေသူတွေအတွက်
စိတ်မကောင်းစွာနဲ့ ဒီစာလေးရေးမိခြင်းဖြစ်ပါတယ်
သူငယ်ချင်းတွေ ချစ်သူတွေ
သိရှိခံစားနိုင်ကျပါစေ
အားလုံးကိုရင်းနှီးခင်မင်စွာနဲ့ 
သူငယ်ချင်းများပျော်ရွှင်ကျမ်းမာကြပါစေ။
အချစ်အတွက်
~~~~~~~~
ဘ၀ကတိုက်ပွဲ ၊ အချစ်ကလိုက်ပွဲ..
လိုက်ပွဲက ဟင်းအရံပေါတယ်...
စားလို့  မမိန်ရင်မိန်တဲ့ဟင်းခွက်ကောက်နှိုက်စား ရတာဘဲ
တိုက်ပွဲ ကတော့ကြုံလာတဲ့လောကဓံ ကိုယ်တယောက်ထဲ
ကြံ့ကြံ့ခံ တိုက်ရတယ် ... ။
ဒီပွဲက
ကျွန်တော်ရှုံးတယ်ဆိုပြီးပြစ်ထားလို့ မရဘူး
နိုင်တယ် ဆိုပြီးလည်း ပျော်လို့ မဖြစ်ဘူး
နောက်တစ်ကြိမ် ဘယ်လိုပုံစံနဲ့ 
လာမလည်း ကိုယ် မမြင်မသိဘူးနော်
လာလာသမျှ လောကဓံ
ကြံကြံခံနိုင်ဖို့လိုအပ်တာပါ.........။။
ကြယ်ကြွေခြင်းရဲ့သင်္ကေတ
ကြယ်ကြွေသံ
ကောင်းကင်မှာ ကြယ်ကြွေတွေ
အမြဲတမ်းမကြည့်မိပေမယ့်
ကြယ်တွေ ကြွေမြဲကြွေ။
ကြယ်ကြွေရင် ဆုတောင်း ရတယ်ဆိုတာ ပြောကြတယ်
ဒီတစ်ခါတော့ လျစ်လျူရူမိပါတယ်။
ကြွေသောကြယ် ထက်ကောင်းကင်မှ
မြေပေါ်သက်ဆင်း ရှူမြင်သူခဏ
အလိုမကျပါက ကြွေသောကြယ်
အဘယ်သို့ ဖြေအံ့နည်း။
နောက်တစ်ခေါက် လင်းလက်ကြယ်
ကောင်းကင်ပေါ်ထက် ဆုပန်မှာလား ထပ်ကြွေမှာလားကွယ်။
ကြယ်ကြွေတာ သဘာဝ တားမရသော်ငှား
ကြယ်လေးကိုယ်တိုင် ဆုတောင်းမှာလား ကြွေလင့်မှာလားကွယ်။
ကိုယ်ဆုတောင်းကောင်းဖို့ တစ်ခြားသောကြယ်ကြွေတာကြည့်ဖို့  ဘယ်တော့မှ ဆုမတောင်းပါ
တစ်ခုပဲ ကြိုဆုတောင်းလိုက်တယ်
အချိန်မတိုင်ခင်ပဲ မကြွေပါနဲ့ လား ကြယ်လေးရယ်။
အချစ်မှာအချစ်ပဲရှိတယ်
အချစ်မှာ
အရောင်အဆင်းမရှိဘူး
အရှည်အတိုမရှိဘူး
အနီးအဝေး မရှိဘူး
အကြီးအသေးမရှိဘူး။
အချစ်မှာ
သဏ္ဍာန်မရှိဘူး
ဒြပ်မရှိဘူး
အအေးအပူမရှိဘူး
အပေးအယူမရှိဘူး။
အချစ်မှာ
အသက်အရွယ်မရှိဘူး
ဘာသာမရှိဘူး
လူမျိုးမရှိဘူး
နေရပ်မရှိဘူး။
အချစ်မှာ
အဟောင်းအသစ်မရှိဘူး
အပျိုအအိုမရှိဘူး
အဆိုးအကောင်းမရှိဘူး
အကျိုးအကြောင်းမရှိဘူး
အချစ်မှာ
ရာထူးမရှိဘူး
ရောဂါမရှိဘူး
အားနာမှုမရှိဘူး
ခါးပါမှုမရှိဘူး။
အချစ်မှာ
ဆင်းရဲမရှိဘူး
ချမ်းသာမရှိဘူး
ကုသိုလ်မရှိဘူး
အကုသိုလ်မရှိဘူး။
အချစ်မှာ
ရာသီဥတုမရှိဘူး
ပြက္ခဒိန်မရှိဘူး
ကြယ်လနက္ခတ်မရှိဘူး
ဂြိုဟ်မရှိဘူး။
အချစ်မှာ
မြေမရှိဘူး။
ရေမရှိဘူး။
လေမရှိဘူး။
မီးမရှိဘူး။
အချစ်မှာ
အပါယ်ဘုံမရှိဘူး။
လူ့ဘုံမရှိဘူး။
နတ်ဘုံမရှိဘူး။
ဗြဟ္မာ့ဘုံမရှိဘူး။
အချစ်မှာ
ပုဂ္ဂိုလ်မရှိဘူး။
ခန္ဓာမရှိဘူး။
ရုပ်နာမ်မရှိဘူး။
နိဗ္ဗာန်မရှိဘူး။
အချစ်မှာ..
အချစ်ဘဲ ရှိတယ်။ ။
အချစ်ရဲ့အရိပ်
အချစ်ကိုရှာနေခိုက်
မင်းလေးရဲ့  စိုက်အကြည့်တွေကြောင့်
ကိုယ် ကြိုက်မိသွားတာပေါ့။
အချစ်ကို မသိခင်
မင်းလေးရဲ့  အပြုံးတွေ လာလာထိတော့
ကိုယ် ညှိသွားတာပေါ့။
ချစ်စကားကို မကြားဖူးခင်
မင်းလေးရဲ့  စကားချိုချိုလေးတွေကြောင့်
ကိုယ် တအားပိုခဲ့ရတာပေါ့။
ချစ်ရနံ့ကို မသိသေးခင်
မင်းလေးရဲ့  အနမ်းမွှေးမွှေးလေးကြောင့်
ကိုယ် အရမ်းလန်းခဲ့ရတာပေါ့။
ချစ်အတွေ့ကို မရသေးခင်
ခပ်ဖွဖွလေး "..ကဲ..ကဲ..ကဲ" ဆိုပြီး အထုခံရတော့
ကိုယ် စွဲ..စွဲ..စွဲမိသွားတော့တာပေါ့။
အချစ်အစွမ်းအစကို မရင်းနှီးပေမဲ့
မင်းလေးက လမ်းပြတစ်ယောက်ဆိုတော့
ကိုယ် စခန်းရောက်ရတာပေါ့။
အတူတူ လမ်းလျောက်ရတာပေါ့။
ကြည်ကြည်ဖြူဖြူ (အချစ်)ပန်းကောက်ကြတာပေါ့။ ။
အချစ်ကြောင့်သိမြင်သလိုလိုပဲ
အမှန်တကယ်
အရင်တုန်းက မသိခဲ့ပါဘူး
ကောင်းကင်ကြီးရဲ့  အကြောင်း
သစ်ပင်တွေရဲ့  စိမ်းလန်းစိုပြေမှုအကြောင်း
ပန်းပွင့်တွေရဲ့  အလှအပအကြောင်း။
ဒီအကြောင်းတွေကို ခံစားသိရှိလာခဲ့တာ
မင်းလေးနဲ့တွေ့မှပါ။
နံနက်မိုးသောက်အလင်းရောက်ရင်
စိတ်လှုပ်ရှားစရာနဲ့ဆုံဆည်းချင်ခဲ့တာလဲ
မင်းလေးနဲ့တွေ့မှပါ။
မနက်ဖန်တိုင်း အသက်ရှင်အောင်လုပ်ပေးခဲ့တာလဲ
မင်းလေးပါဘဲ။
ချစ်လွန်းလို့
မင်းလေးကို စိုက်ကြည့်နေရမှာတောင်
နှမြောမိတယ်။
မင်းလေးကိုချစ်လို့ခံနေရမယ့်ဒဏ်ရာ
မင်းလေးရဲ့ အချစ်တွေဟာ
ပူလောင်လှတဲ့ ငရဲမီးဖြစ်ပါစေ
ကိုယ် ကျေနပ်စွာ လောင်ကျွမ်းခံမယ်။
မင်းလေးရဲ့  အပြုံးတွေဟာ
အနှုတ်ဒီဂရီရေခဲရေတွေဖြစ်ပါစေ
ကိုယ် ပြုံးပျော်စွာ အေးခဲခံမယ်။
မင်းလေးရဲ့  စကားသံချိုချိုဟာ
ပြင်းထန်တဲ့ အဆိပ်ဖြစ်ပါစေ
ကိုယ် ပျော်ရွှင်စွာ အဆိပ်သင့်ခံမယ်။
မင်းလေးရဲ့ ရယ်မောသံဟာ
အနုမြူစွမ်းအင်ဖြစ်ပါစေ
ကိုယ် ရဲဝင့်စွာ အစိတ်စိတ် ပေါက်ကွဲခံမယ်။
မင်းလေးရဲ့ အပြောအဆိုဟာ
ပြင်းထန်တဲ့လေမုန်တိုင်းဖြစ်ပါစေ
ကိုယ် ၀မ်းမြောက်စွာကမ္ဘာ့အပြင်ဖက်လွင့်ပြမယ်။
မင်းလေးရဲ့  သံယောဇဉ်ဟာ
သမုဒ္ဒရာရေလှိုင်းထူထူကြီးဖြစ်ပါစေ
ကိုယ် မြတ်နိုးစွာ အနစ်မြုပ်ခံမယ်။
မင်းလေးရဲ့  မေတ္တာတွေဟာ
တစ်ရစ်ရစ် လှိမ့်လာတဲ့ ကျောက်တုံးကြီးတွေဖြစ်ပါစေ။
ကိုယ် နှစ်သက်စွာ အကြိတ်ခံပါ့မယ်။
အဲဒါ
မင်းလေးကို ချစ်လို့။
လမ်းပြကြယ်လေးလိုပဲ
အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  လမ်းပြကြယ်လေးပါ
မင်းမရှိရင်
ကိုဟာ အမှောင်လမ်းတွေထဲမှာ စမ်းတ၀ါးဝါးဖြစ်မှာ သေချာတယ်။
အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  စွမ်းအင်လေးပါ
မင်းမရှိရင်
ကိုဟာ ရှင်သန်နိုင်မှာ မဟုတ်တာသေချာတယ်။
အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  အိုအေစစ်ကလေးပါ
မင်းမရှိရင်
ကိုဟာ ဘ၀အမောတွေကြားထဲ နစ်မြောနေမှာ သေချာတယ်။
အချစ်လေးရေ
မင်းဟာ ကို့ရဲ့  နိဗ္ဗာန်ဘုံလေးပါ
မင်းမရှိရင်
ကိုဟာ အေးချမ်းမှုတွေ ကင်းဝေးနေမှာ သေချာတယ်။
အချစ်လေးရေ
မင်းဟာ ကို့ရဲ့  အသက်သွေးကြောလေးပါ
မင်းမရှိရင်
ကိုဟာ သုံးမရတဲ့ လူတစ်ယောက်ဖြစ်မှာ သေချာတယ်။
အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  အနာဂါတ်ကလေးပါ
မင်းမရှိရင်
ကိုဟာ အနာဂါတ်မဲ့တဲ့ လူတစ်ယောက်ဖြစ်မှာ သေချာတယ်။
အချစ်ကလေးရေ
မင်းဟာ ကို့ရဲ့  အချစ်ကလေးပါ
မင်းမရှိရင်
ကိုဟာ အချစ်ဆိုတာကို သိမှာမဟုတ်တာ သေချာတယ်။
အချစ်ရဲ့သတ္တိ
ချစ်သူရဲ့ 
ကြမ်းတမ်းတဲ့ ချိန်းခြောက်သံကို ကိုယ်မကြောက်ဘူး
ဒါပေမဲ့....
နူးညံ့တဲ့ လမ်းခွဲစကားကိုတော့ ကိုယ်လန့်တယ်။
ချစ်သူကြိုဆိုနေမဲ့ မိုင်းပေါင်းအသင်္ချေခရီးဟာ
ကိုယ့်အတွက် မောပန်းစေမှာ မဟုတ်ဘူး
ဒါပေမဲ့....
ချစ်သူနှင်လို့ ထွက်ခွါလာရမဲ့ ခြေတစ်လှမ်းကတော့
ကိုယ့်အားအင်တွေ ဆုတ်ယုတ်စေမှာ သေချာတယ်။
ချစ်သူရဲ့  မုန်းတီးစွာ ဆဲဆိုမဲ့စကားကို ကိုယ် ဂရုမစိုက်ဘူး
ဒါပေမဲ့....
ကြင်နာစွာ ငြင်းဆန်မဲ့စကားကိုတော့ ပူပန်တယ်။
အမုန်းကို မလိုချင်ဘူး
အပြုံးကိုဘဲ လိုချင်တယ်။
အပြစ်တွေ မလိုချင်ဘူး
အချစ်ကိုဘဲ လိုချင်တယ်။
ဝေးသွားမှာ မလိုချင်ဘူး
ထွေးထားတာဘဲ လိုချင်တယ်။
အပူတွေကို မလိုလားဘူး
အတူနေဖို့ဘဲ တမ်းတတယ်။
အပြုံးအိမ်ထဲမှာ အချစ်ကိုအခန်းဖွဲ့
ကဲ့ရဲ့ စကားတွေကို ဥပေက္ခာပြု
ယုယမှု ကုဋေကုဋာနှင့် ထွေးဖက်ထားပြီး
အတားအဆီးမှန်သမျှ တွန်းလှန်
ဂျွန်းပြန်လောက်တဲ့ ဘ၀(အချစ်)ခရီး
ရဲရဲကြီး အတူလျောက်ကြစို့။
သံယောဇဉ်
မင်းလေးရဲ့ အချစ်ဟာ
ပြင်းထန်တဲ့ အဆိပ်တစ်ခွက်ဖြစ်ပါစေ
ကော်ဖီတစ်ခွက်လို
စွဲမက်စွာ သောက်သုံးပါ့မယ်။
မင်လေးရဲ့ သံယောဇဉ်ဟာ
ငရဲမီးတောင်တန်းတွေဖြစ်ပါစေ
Trekking ခရီးလို
ရူးသွပ်စွာ တက်ရောက်ဖြတ်ကျော်ပါ့မယ်။
မင်လေးရဲ့ မေတ္တာဟာ
သံလျက်ပင်လယ်ပြင်ဖြစ်ပါစေ
Voyage ရွက်လွင့်သလို
ရဲရင့်စွာ လက်ပစ်ကူးပါ့မယ်။
ဒါပေမဲ့.......
ကို့ရဲ့  အချစ်တွေဟာ
အဆိပ်တစ်ခွက်ဖြစ်ခဲ့ရင်
မင်းလေးကို မတိုက်ရက်ပါဘူး။
ကို့ရဲ့  သံယောဇဉ်တွေဟာ
ငရဲမီးတောင်တွေဖြစ်ခဲ့ရင်
မင်းလေးကို ဖြတ်သန်းခွင့်မပေးရက်ပါဘူး။
ကို့ရဲ့  မေတ္တာတွေဟာ
သံလျက်ပင်လယ်ဖြစ်ခဲ့ရင်
မင်းလေးကို မကူးခတ်စေရက်ပါဘူး။
အဲဒါ...
မင်းလေးကို ချစ်လွန်းလို့။ ။
ကဗျာလေးရဲ့ဝါသနာရှင်တွေအတွက်ပါ။...
ကိုယ့်ကိုယုံကြည်ပါလို့ မပြောခဲ့ပေမဲ့
ချစ်သူက ကိုယ့်ကို ယုံကြည်မှုအပြည့်ရှိခဲ့တယ်။
ကိုယ့်ကိုယုံကြည်ပါလို့ ပြောနေတဲ့အခါကျတော့
ချစ်သူက ကိုယ့်ကို မယုံကြည်တော့ဘူး။
ကိုယ် သစ္စာတွေ ပေးအပ်နေတဲ့အခါ
ချစ်သူက သံသယတွေနဲ့ တုန့်ပြန်ခဲ့တယ်။
"နာရီလက်ဆောင်ပေးရင် နာကျင်စွာနဲ့ ရီနေရမယ်" လို့ ကိုယ်ပြောခဲ့ပေမဲ့
ချစ်သူကပြောတယ် "နာရီဆိုတာ အချိန်နဲ့အမျှ သတိရမှုရဲ့  သင်္ကေတပါ" တဲ့။
"အချစ်ဆိုတာ အင်အားတစ်ခုပါ" လို့ ကိုယ်ဖွင့်ဆိုခဲ့ပေမဲ့
ချစ်သူကပြောတယ် "အချစ်ဆိုတာ အဆိပ်သင့်ခြင်းတစ်ခုပါဘဲ" တဲ့။
"ယောက်ျားလေးတွေနဲ့ ခြေပုတ်လက်ပုတ်စကားပြောတာ မကောင်းဘူး" လို့ ကိုယ်ပြောတဲ့အခါ
ချစ်သူက ပြောတယ် " စာသင်ပေးခဲ့သူမို့ ပုတ်ခတ်တာ အကျင့်ဖြစ်နေလို့ နားလည်ပေးပါ" တဲ့။
မိန်းခလေးတွေကို ကိုယ်ဖော်ဖော်ရွေရွေစကားပြောနေတဲ့အခါကျတော့
ချစ်သူက ပြောတယ် "မျက်နှာအရမ်းများတာဘဲ" တဲ့။
"ကိုယ်ငွေကြေးအလုံအလောက်ရှိရင် ချစ်သူကို လုံးဝ အလုပ် မလုပ်ခိုင်းဘူး၊ ပင်ပန်းတာ မကြည့်ရက်ဘူး" လို့ပြောတော့
ချစ်သူကပြောတယ် "အလုပ်မလုပ်နဲ့လို့ ပြောတဲ့သူဟာ သူ့ရဲ့  ရန်သူဘဲ" တဲ့။
ဒါဖြင့် "ကိုယ့်ကို မချစ်တော့ဘူးလား" လို့ ကိုယ်ကမေးတော့
ချစ်သူက ပြောတယ် "အရမ်းချစ်တာဘဲ" တဲ့"
ဆက်လက်၍ ဖတ်ရှုပေးပါ
ချစ်ခဲ့ဖူးသူမို့
အချစ်ဦးကို အချစ်ထူးလေရော့ထင့်
အချစ်ရူးကျနော့်မှာ
အချစ်ဦးမရှိခဲ့သူမို့
အချစ်နွံထဲ မူးမေ့နေခဲ့ပြီ။
ကြင်နာသူရေ ကြင်နာပေးပါလှဲ့ 
ရင်နာစရာ စကားတွေ
တမင်တကာ လာပြီး မပြောပါနဲ့တော့
အကြင်နာ မေတ္တာအပြည့်နဲ့ ဒီက ချစ်နေတာပါ။
အမုန်းနှင့်အပြုံးရောစပ်
အရှုံးတွေပေး ထပ်မနှိပ်စက်ပါဘူး
ကြတ္တိကာ နက္ခတ်ယှဉ်ပြီးရင်
ကပ်ကမ္ဘာမှာ တူနှစ်ကိုကြင်ရဖို့အရေး
တွေးတွေးပျော်ရသူပါ။
မင်းလေးရဲ့  အကြည့်တစ်ချက်
ကို တစ်သက်မမေ့တော့ပါဘူး
အတွေ့တွေထူး ဓလေ့တွေမြူးရင်
နေ့တွေကူးပြီး နှစ်တွေကိုရောက်တောင်
အချစ်တွေပိုပိုထူးတဲ့ မေတ္တာတွေနဲ့
သစ္စာမဖောက်တမ်း ချစ်မဲ့သူပါ။
တစ်ပင်ကို တစ်ပင်ယှက်
ကြင်ဖက်ကို ကြင်ဖော်အဖြစ်
လင်တော်မောင် ဒီတစ်ယောက်ဖြစ်ခွင့်ကြုံရရင်ဖြင့်
ဒီဘုံဘ၀ ဒီဋ္ဌာနမှာ
ဗုဒ္ဓဘုရား ပွင့်ထွန်းမပေါ်ရင်တောင်
ဒီမောင်တစ်ယောက်ထံပါး
အကုသိုလ်တွေ ရှောင်ရှားကြမှာပါ။
အကုသိုလ်တွေ ပျောက်
ကုသိုလ်တွေ ရောက်ရင်
တစ်ယောက်ကို တစ်ယောက်
ပိတောက်ဆို ပိတောက်ရယ်ပါ
တစ်ယောက်အပိုမရှာပါဘူး
ရင်ဖိုစရာ ခင်တစ်ယောက်သာရှိသားမို့။
ကဗျာအသစ်လေးပါ။
ပိတောက်ကလဲ ၀ါ
ငုကလဲ ၀ါ
ရွှေကလဲ ၀ါ
လိမ္မော်ကလဲ ၀ါ။
ဝါ၀ါမြင်တိုင်း မင်းလေးကို တမ်းတ
ဝါ၀ါတွေ့တိုင်း မင်းလေးကို လွမ်းရ
ဝါ၀ါကြုံတိုင်း မင်းလေးကို မှန်းဆ
ငါ့ဘ၀မှာ ၀ါဝါရောဂါတွေ ဖြစ်နေပြီ။
ပန်းရောင် အစိမ်းဖျော့ရောင်
ကြက်သွေးရောင် ကြိုက်တဲ့ ကျနော်
မင်းလေးကို တွေ့ပြီးကတည်းက
အ၀ါရောင်လေးကို တမ်းတတတ်နေပြီ။
ကျောက်စိမ်း ပတ္တမြား စိန်
နီလာ ပုလဲ
အသဲစွဲအောင် ချစ်တတ်တဲ့ကျနော်
မင်းလေးကို မြင်ပြီးကတည်းက
ရွှေရတနာလေးကို မြတ်နိုးတတ်လာပြီ။
စိမ်းလန်း ဥယျာဉ်
မြက်ခင်းပြင်
သစ်ပင် သစ်ရွက် တောအုပ် တောင်တန်း
အစိမ်းရောင်လွမ်းနေတာကို
အမြဲတမ်း ကြည်နူးတတ်တဲ့ ကျနော်
မင်းလေးနှင့်ဆုံပြီးကတည်းက
ရော်ရင့်ရွက်ဝါလေးတွေကို ချစ်တတ်နေပြီ။
ကပုချီနို အက်စ်ပရက်ဆို
နက်စ် အိုဗာတင်း ဟောလစ်
တောဖြစ် လဘက်ရည် ချို ဆိမ့်
ကျဆိမ့် ချိုပေါ့ ပေါ့ဆိမ့်
သိမ့်သိမ့်တုန်အောင် ကြိုက်ခဲ့တဲ့ ကျနော်
မင်းလေးရဲ့  အင်အားတွေကြောင့်
ထင်ရှားစွာ (ခပ်ဝါ၀ါ)ရေနွေးကြမ်းကို ကြိုက်ခဲ့လေပြီ။
အကြိုက်တွေ ဟောင်းပေမဲ့လဲ
အသိုက်ကိုတော့ (ဘယ်တော့မှ) မပြောင်းပါဘူး
(မင်းလေးကသာ ချစ်မယ်ဆိုရင်)
နောင်ဘ၀ထိ လိုက်ပေါင်းမဲ့သူပါ။
ဆက်လက်၍ဖတ်ရှုပေးပါ
အချစ်သည်
ဆန်းကြယ်၏။
ဆန်းကြယ်သလောက် ချစ်ဖို့ကောင်း၏။
ထို့ကြောင့် အချစ်ကိုတွေ့ဖို့ အချစ်တွေ လိုက်ရှာနေကြ၏။
........
ရုပ်အဆင်းလှ ဂုဏ်အဆင့်မြင့်လှသည့်
ရွှေမင်းသမီးလေးသည်
ရုပ်ဆိုး သဘောဆိုး မျက်နှာပုပ်သိုးနေသော
ပေါင်တိုယောက်ျားတစ်ယောက်ကို ချစ်ကြိုက်ခဲ့ဖူးလေပြီ။
ဥစ္စာပေါ ရုပ်ချော သူဌေးသမီးလေးသည်
လုယက် ခိုးဝှက် တိုက်ခိုက်ခဲ့သော
အဖမ်းဆီးခံခိုးသူယောက်ျားတစ်ယောက်ကို
မြင်မြင်ချင်း ချစ်မိသည့်အတွက်
အသပြာများစွာပေးကာ သူသတ်တို့၏ လက်မှ ကယ်တင်ခဲ့ဖူးလေပြီ။
အသက်ကြီး စိပ်ပုတီးလွယ်ချိန်ရောက်နေသည့်
ဓါတုကလျာ မင်းသမီးကြီးသည်
သူမအသက်အောက် ထက်ဝက်ခန့်ငယ်သည့်
ရတုစာဆို နတ်သျှင်နောင်မင်းသားလေးကို ချစ်မြတ်နိုးခဲ့ဖူးလေပြီ။
ရိုးရိုးသားသား ယဉ်ယဉ်ကျေးကျေး
ဝဏ္ဏပဘာလေးသည်
သာသနာ့ဘောင်မှာ ထွန်းတောက်နေသည့်
ရှင်မဟာရဋ္ဌသာရကို ချစ်ခင်စုံမက်ခဲ့ဖူးလေပြီ။
ထက်မြက် သွက်လက် လှပ သဘောကောင်း ပစ္စည်းရှိ ပညာတတ်
မိန်းခလေးတစ်ယောက်သည်
ဘာမှမဟုတ်သော ကျွန်ုပ်ကို ချစ်ကြိုက်နေလေပြီ
ဘာမှ မဟုတ်သည့် ကျွန်ုပ်ကလည်း
အကုန်လုံး ဟုတ်နေသည့် သူမကို
ချစ်ကြိုက် မြတ်နိုး တွယ်တာမိနေလေပြီ။
အော်...
အချစ်မှာ အပြစ်မရှိပါတကား။ ။
......
အချစ်သည်
ဆန်းကြယ်၏။
ဆန်းကြယ်သလောက် ချစ်ဖို့ကောင်း၏။
ထို့ကြောင့် အချစ်ကိုတွေ့ဖို့ အချစ်တွေ လိုက်ရှာနေကြ၏။
ကျွန်ုပ် အချစ်လိုက်ရှာရင်း အချစ်ကိုတွေ့ပြီ။
နေက်တစ်ပုဒ် ဆက်ဖတ်ပေးပါ။
အချစ်အဘိဓမ္မာတရားတွေကို အသစ်ဋီကာချဲ့ 
ဖွဲ့ဖွဲ့နွဲ့နွဲ့တင်စား ထင်ထားသလိုမဟုတ်
ဟိုရှုပ်ရှုပ် ဒီရှုပ်ရှုပ်။
ကြင်နာစရာစကားတွေကို ရင်နာစွာမေ့ပစ်
အသစ်တွေ့ အချစ်မေ့နိယာမတရားတွေအောက်
ဟိုလျောက် ဒီလျောက်။
အစဉ်မြင်သာပါရဲ့  သခင်ကြင်နာပါလှဲ့
ခင်မင်တွယ်တာလို့ တူတူပုန်းတမ်းကစား
ဟိုအနား ဒီအနား။
တစ်သက်မှာ တစ်ခါချစ်တဲ့မင်းလေးကို
တစ်ရက်တာ တစ်ခဏလေးတောင် မမေ့နိုင်
ဟိုငိုင်ငိုင် ဒီငိုင်ငိုင်။
ချစ်တာကို သစ္စာဆိုပြချင်ပါရဲ့ 
အပြစ်မပါ ချစ်တာတစ်ခုထဲမို့
မေတ္တာတွေ လှစ်ခါဖွင့်ဟရင်
သခင်စိတ်ဆိုးလေမလားမသိ
(ကြိတ်ပိုးသူလေး) ဟိုကြည့် ဒီကြည့်။ ။
ကျနော်ကဗျာလေးတွေ ကြိုစားရေးတယ်
ချစ်သူက ကျနော့်ကဗျာလေးတွေဖတ်ပြီး
သံသယတွေများလာတယ်။
ကဗျာလေးတွေကို ချစ်တဲ့ ချစ်သူဟာ
ကဗျာလေးတွေကို ကြည့်ရင်း
ယုံကြည်မှုအားနည်းလာတာ ကျနော်နားမလည်နိုင်ဘူး။
ကဗျာဆိုတာ ရင်ခေါင်းထဲကချည်း ထွက်ပေါ်လာတာမဟုတ်ပါဘူး
ဦးဏှောက်နှင့်အတွေ့အကြုံအရလဲ ထွက်ပေါ်လာတတ်တာဘဲလေ
ပြီးတော့ သူများကိုယ်စား ၀င်ခံစားကြည့်ရင်းလဲ ကဗျာတစ်ပုဒ်ဖြစ်သွားတတ်တာပါဘဲ။
အချစ်မရှိရင် ကဗျာမဖြစ်နိုင်ပါဘူးဆိုတဲ့ အဘိဓာန်ဟာ
ဟိုး.. ဘီစီထောင်ပေါင်းများစွာ နောက်မှာ
မှုန်ဝါးဝါးကျန်ရစ်ခဲ့ပါပြီ။
နေက်တစ်ပုဒ်ဆက်ဖတ်ပေးပါ
ဒါကြောင့်.....
ကဗျာရဲ့  ဒဿနကို ဒီလိုလေး ကျနော် ပြောကြည့်လိုက်တယ်။
ကဗျာဆိုတာ...........
တစ်ခါတစ်ရံမှာ ဘဝ
အခန့်မသင့်တဲ့အခါ ဒေါသ
ရံဖန်ရံခါ ခံစားမှု
တစ်ခါတစ်လေ အချစ်
တစ်ကြိမ်ကြိမ်မှာတော့ ကြည်နူးမှု
တစ်ကွေ့ကွေ့မှာတော့ ကြေကွဲမှု
တစ်နေရာရာမှာတော့ ကျေနပ်မှု
တစ်ခါတစ်ခါ ကျပြန်တော့လဲ
ကဗျာဟာ ကဗျာပါဘဲ။
လီဟောင်
အာခါကဗျာလေးပါ အရမ်းအကျိုးရှိတယ် ဖတ်ကြည့်လိုက်
Tsaq mae
Dzarkeer dzar myaer maeqlar siqnya
Yawmeeq yawjaq myavneev mawr nya
Yawsavq yawlar nar maer siqnya
Yawsav yawjur aqlavq siqnya
Teirsar manr gar naqbawr gaqnya
Ur nmvq meeqnar xarsawvr yawnya
Neema heeqnar aqcawq yanr-a
Ghawr mawr heeqnar aqcawq guv-a
Tsawr myanr meeqnar aqcawq hamae
Jawqghaer meeqnar aqcawq gaqmae
Myawqmr nyanar aqcawq ghaoemae
Tsawrganr anr aqcawq kur mae.
Nee ma
Neema yawghovq hawngae maqmawr
Neema yawdoer hawngae masiq
Neem yawnanq myawqkav maqmr
Neema yawghanr myawqkhaer maqgevq
Neema yawheeq geerovq miqdzanr
Neema yawtsar aq myan yawlaeq
Neema yawmeeq aqcawq ghaqkhaer
Neema yawcoer aqcawq ghoeduq
Neema yawtsaq mirkhanq aqda
Neema yawxawr mirkhanq aqyeevq
Neema yawduvq dawqja yawsanr
Neema yawmanr dawqja yawtsaq
Neema needzaeq aqcawq maqdzoer
Neema neepaer aqcawq maqtsaq.
Narhaq yawq
Aqyeevq maeqnan aqnyir caw
Aqda maeqnan zaqdeq caw
Aqma maeq nan aqbur caw
Keqma maeqnan zaqmiq caw
Yawmeeq mrgar yawmeer dzaw
Yawdoer nrgar garjaw jaw
Aqda aqma maeq-e gar
Aqli aqbur narhaq lar
Aqpoeq aqpiq maeq-e gar
Zaqmiq zaqyo yawkawr lar
Maeqgar tsovgar maqlaw nar
Aqdzawq argan pyevq-ir nya
Aqda aqma neegaq kev
Aqli aqbur xar noeq kev.
Maqxir-e jeiq
Aqlmq xir ngae neema maqxir
Cir ni xir ngae dawqpaep maqxir
Aqjuq xir ngae cavqhm maqxir
Arlawr xir ngae dawqkiq maqxir
Nanrghaq xir ngae jaqlaer maqxir
Nanrtsar xir ngae juqkhoeq maqxir
Dalaw xir ngae yarkhaq maqxir
Malaw xir ngae nmr ngaeq maqxir
Sanqpaq xir ngae geer mr maqxir
Tsawr haq xir ngae tsawr myanr maqxir.
Meeq-e cawq
Tsawrcawq dzoeqcawq meeqgar cawq,
Dzoeqcawq meeqnar khanqsaer jav.
Mrcawq xarcawq meeqgar cawq,
Mrcawq meeqnar pyurxeer za.
Ircawq larcawq meeqgar cawq,
Ircawq meeqnar neesar za.
Daevqcawq jawrcawq meeqgar cawq,
Daevqcawq meeqnar jawrsar za.
Dzawcawq sawvrcawq meeqgar cawq,
Dzawcawq meeqnar tsawrganr za.
Aq kaq-anr gaq-e
Aqkaq sanqbovq lavtsaq nar,
Aqkaq tsawrjeq tsaqleir ngar.
Aqkaq dawqkawq lavtsaq nar,
Aqkaq zaq-anr gaq-e ngar.
Aqkaq gadzanr cawtseir nar,
Yawduq yawcir siqlar ngar.
Aqkaq mrhmq dmluvq nar,
Aqkaq zaq-anr gaq-e ngar.
Aqkaq pu-anr jawr-e nar,
Akaq neema-anr tavq-e nga.
0 comments:
Post a Comment