လင်မယားနှစ်ဦီး
တစ်ခါက လင်မယားနှစ်ဦး အားလပ်ရက်တွင် ပန်းခြံတစ်ခြံသို့ ပျော်ပွဲစားထွက်ကြဧ။်
ယောကျာ်းသည် ငါးမျှားခြင်းကို အလွန်နှစ်သက်ဧ။် မိန်းမက စာဖတ်ခြင်းကို အလွန်ပျော်မွေ့ ဧ။်
မိန်းမသည် သစ်ပင်တစ်ပင်အောက်တွင် စာအုပ်ထိုင်ဖတ်နေ လျှက် ယောကျာ်းက လှေတစ်စင်းဖြစ်ငါးမျှားဧ။်
တစ်အောင့်ကြာသော် ယောကျာ်းသည် ရေထဲမှ တက်လာပြီး လှေနှင့် ငါးမြားကိရိယာ ပစ္စည်း များကို မိန်းမအနီးတွင်ထားခဲ့ကာ ခပ်လှမ်းလှမ်းတွင်သွားအိပ်နေဧ။်
ခဏကြာသော် ပန်းခြံစောင် ရဲသားတစ်ဦးရောက်လာပြီး မိန်းမကို ဒဏ်ငွေတပ်လေသည်။
မိန်းမ = " ၇ှင်က ဘာအမှုနဲ့ ကျွန်မကို ဒဏ်ရိုက်တာလဲ
ရဲသား = ဟိုမှာတွေ့ လား ငါးမမျှားရဆိုတဲ့ဆိုင်းဘုတ်၊ မင်းဥပဒေကိုချိုးဖောက်လို့ 
မိန်းမ = ကျွန်မ ငါးမျှားတယ်လို့ ရှင့် ကိုဘယ်သူပြောသလဲ ရှင့်မျက်စိနဲ့ မြင်လို့ လား
ရဲသား = မြင်စရာလို လား မင်းမှာ သက်သေခံ ပစ္စည်း ကိရိယာ အစုံအလင်ရှိနေသားပဲ
မိန်းမ = ကောင်းပြီလေ ရှင်ကဒီလို လား
မိန်းမသည် ရုတ်တ ဆံပင်များကို လက်ဖြင့်ထိုးဖွလိုက်ပြီး အင်းကျီများကို တွန့် ကြေအောင်လုပ်လိုက်သည်။ ထို့ နောက်
မိန်းမ = လာကြပါဦး ဟောဒီမှာ ဒီရဲစုတ် ကျွန်မကို မတရားပြုကျင့်ဖို့ ကြိုးစားနေလို့ 
ရဲသား = ဟဟ မင်းဘာတွေ လျှောက်အော်နေတာလဲ မင်းမှာ ဘာသက်သေရှိလို့ ငါ့ကိုမတရားစွပ်စွဲနေရတာလဲ
မိန်းမ = ၇ှင့်မှာ လဲ လက်နက်ကိရိယာ ပစ္စည်း အစုံအလင်နဲ့ ပဲ
ချစ်ပုံပြင်
ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့...
သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....
ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....
ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....
ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....
အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....
အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......
ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....
ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်...
ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....
သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...
မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့....
ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....
မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့.....
တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......
သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....
သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့
အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့....
မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....
ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့
ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....
သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...
ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်.....
ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....
သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့...
ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း....
ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...
မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......
ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ.......
.......
...............
...........................
စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်......
ပုံပြင်လေးကတော့ဒါပါပဲကွယ်......
သားသားမီးမီးတို့တွေလဲ ဒီပုံပြင်လေးကို နမှုနာယူပြီး
ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်..................
0 comments:
Post a Comment